Release date : 2005-04-01
Production country :
United States of America
Production company :
Dimension Films, Troublemaker Studios, Miramax
Durasi : 124 Min.
Popularity : 7
7.50
Total Vote : 8,342
ဒီရုပ်ရှင်မှာပါသမျှ ဇာတ်ကောင်တွေအကုန်လုံး အခြေစိုက်ရာမြို့က နာမည်နဲ့လိုက်အောင် ရာဇ၀တ်မှုတွေများတဲ့ Sin City။ အဲ့ဒီမြို့မှာ ဖြစ်နေတဲ့အဖြစ်အပျက်တွေက ဆန်းတော့ဆန်းတယ်။ မြို့ဟောင်းကို ပြည့်တန်ဆာမတွေကိုပေးထားရတာမျိုး။ ဆီနိတ်တာရဲ့သားက လူသိထင်ရှားသက်ငယ်မုဒိန်းသမားဖြစ်နေတာမျိုးတွေ။ အဓိကဇာတ်ကောင်တွေ အကုန်လုံးက ကြမ်းပေ့ရမ်းပေ့ဆိုတဲ့ကောင်တွေ။ မှန်တယ်ထင်ရင် လုပ်ချင်တာလုပ်တဲ့လူမိုက်တွေ။ ဇာတ်ကောင်တွေဟာ ကားတိုက်လည်းမသေ ခေါင်းသေနတ်မှန်လည်းမသေ ဘောပြတ်လည်းမသေ၊ သူ့ inner logicနဲ့ သူကြမ်းထော်နေပေမယ့် အကုန်လုံး မပြည့်စုံတဲ့လူတွေ။ နှလုံးရောဂါသည်စိတ်ရောဂါသည် မျက်နှာပြင်ထားရတဲ့လူ ဒီလိုလူတွေ။ မင်းသမီးတွေကလည်း တကယ့် seducerတွေ။ Sin Cityကလူတွေဆိုတော့ ဘားမယ်တွေ ပြည့်တန်ဆာမတွေ။ ဘားမယ်လုပ်တဲ့ ဂျက်စီကာအယ်ဘာရဲ့ လှချက်တွေကသေလို့ရသလို ဂျပန်မဆန်ဆန်ဇာတ်ကောင်လေး မီဟိုရဲ့ ကင်ဒိုဓားနဲ့ ခုတ်ချင်တိုင်းခုတ်နေတဲ့ဟန်ကလည်း သူရဲ့ဆွဲဆောင်မှုတစ်ခုပဲ။ ဇာတ်လမ်းလေးပုဒ်ပါတယ်။ အဲ့ဒီလေးပုဒ်လုံးရဲ့ Time Lineကဆက်နေတယ်။ ဘာကအရင် ဘာကနောက်ဆိုတာကိုတော့ ပရိတ်သတ်ကို MindBlowningလုပ်ဖို့ချန်သွားတယ်။
Related Movies✨

2019

1950

1995

1971

1994

2002

1966

2000

2003

1986

1998
