Come and See

Release date : 1985-10-17

Production country :
Soviet Union

Production company :
Belarusfilm, Mosfilm

Durasi : 142 Min.

Popularity : 6

8.24

Total Vote : 1,604

ဒုတိယကမ္ဘာစစ်အတွင်း 1943မှာ ဂျာမန်တွေ ဂျုးတွေကို ဘယ်လောက် နှိပ်စက်ခဲ့လဲဆိုတာ ကွက်ကွက်ကွင်းကွင်းပြထားတဲ့ ကားလေး ဇာတ်လမ်းအကျည်းကတော့ ဘိုင်လိုရုရှားလို့ခေါ်တဲ့ ဘီလာရပ်စ်က ဂျုးရွာလေးတစ်ရွာမှာ ဖီးလ်အိုရာဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ် အဲ့ကောင်လေး က အဲ့ခေတ် အဲ့အချိန်မှာ ဂျာမန်ဖက်ဆစ်နာဇီတွေကို တော်လှန်နေတဲ့ အဖွဲ့တစ်ခုတည်းကို ဝင်ရဖို့ စစ်မြေပြင်ဖြစ်ခဲ့တဲ့ နေရာတွေမှာ သေနတ်တွေ ဗုံးတွေ ရဖို့ လိုက်တူးခဲ့တယ် ဘာလို့လဲဆိုတော့ သေနတ်ရပြီဆိုရင် တော်လှန်ရေးခေါင်းဆောင်တွေက သူ့ကို လာခေါ်တော့မှာလေ နောက်ဆုံး သူ သေနတ်တစ်လက် ရှာတွေ့ခဲ့တယ် အဲ့ကနေ စပြီး သူ တော်လှန်ရေးတပ်ထဲကိုရောက်သွားပြီး သာမန် ကလေးသာသာပဲ ရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ စပြီး ပြောင်းလဲလာတော့တယ် ဒီကားလေးမှာတော့ ကောင်လေး တော်လှန်ရေးတပ်ထဲ ရောက်ပြီးတဲ့နောက် ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေကို ကြေကွဲဝမ်းနည်းစရာရိုက်ပြထားပါတယ် ဖက်ဆစ်နာဇီတွေ အင်အားကြီးချိန်က ရဟူဒီလို့ ခေါ်တဲ့ ဂျူးလူမျိုးတွေ, ကလေးပေါက်စလေးတွေက အစ မညှာမတာသတ်ဖြတ်ခဲ့တာတွေကို စိတ်မကောင်းစွာ မြင်တွေ့ရမှာပါ..လက်မလွတ်သင့်တဲ့ ကားကောင်းလေးတစ်ကားလို့ဆိုရမှာပါ