Release date : 2022-10-06
Production country :
United States of America
Production company :
Dark Age Cinema, Fuzz on the Lens Productions, Bloody Disgusting, The Coven, Gelt Films
Durasi : 138 Min.
Popularity : 12
6.72
Total Vote : 2,262
သွေးသံတရဲရဲသတ်ဖြတ်တာကိုမှကြိုက်တဲ့သူတွေအတွက်တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Terrifier ရဲ့အဆက်ဖြစ်တဲ့ Terrifier 2ထွက်ရှိ လာပါပြီ။ ဒီကားထဲကအဓိကလူသတ်သမားကတော့ 1 မှာအားလုံးသိခဲ့ရကြတဲ့ Art The Clown ဆိုတဲ့လူပြက်ပဲဖြစ်ပါတယ်။ ပထမ ပိုင်းမှာ သူကလူရှစ်ယောက်ကို သတ်ခဲ့ပြီးကျန်ခဲ့တဲ့ တစ်ယောက်ရဲ့မျက်နှာကလည်း လုံးဝကိုစုတ်ပြတ်သတ်နေခဲ့ပါတယ်။ သူက ဟောလိုးဝင်းမှာ လူတွေကိုသတ်ဖြတ်ခဲ့တာ ဖြစ်ပြီးတစ်နှစ်ကြာတဲ့အချိန်မှာ ပြန်ပေါ်လာခဲ့ပါတယ်။ အားလုံးကသူ့ကို သေသွားပြီလို့ ထင်ခဲ့ကြပေမဲ့ မထင်မှတ်ထားပဲပြန်ပေါ်လာပြီး နောက်ထပ်ဟောလိုးဝင်းမှာပဲ လူတွေကိုလိုက်သတ်ပြန်ပါတယ်။ ပုံမှန်လူသတ်ကား တွေထဲကလို သူ့ကိုတားနိုင်မဲ့သူရှိနိုင်မလား ဒါမှမဟုတ် သူကပဲအားလုံးကို အဆုံးသတ်သွားမလား ဆိုတာတစ်ကားလုံးကြက်သီးတွ ထပြီးကြည့်ရမဲ့ Thriller တစ်ကားပဲဖြစ်ပါတယ်။ ပါဝင်တဲ့သတ်ဖြတ်ခန်းတွေက အရမ်းကြမ်းတမ်းတဲ့အတွက် ကလေးများနဲ့ နှလုံး ရောဂါရှိသူများ မကြည့်ဖို့တော့ကြိုသတိပေးချင်ပါတယ်ဗျ။
Related Movies✨

2017

1992

1994

2000

2008

1990

2009

1983

2024

2022
