Release date : 2022-12-26
Production country :
United Kingdom
Production company :
Netflix
Durasi : 48 Min.
Popularity : 5.0832
6.79
Total Vote : 208
ဇာတ်လမ်းအကျဥ်း နည်းနည်းပြောပြမယ်။ အင်္ဂလန်နိုင်ငံ ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MI-6 ရဲ့အကြီးအကဲဟာ စားသောက်ဆိုင်မှာအမှတ်မထင် အဆိပ်ခတ်ခံလိုက်ရပြီးတော့ သူ့ရဲ့လက်ထောက်ဖြစ်တဲ့သူ အက်ဒမ်လောရန့်စ်(Charlie Cox) က သူ့နေရာကို တာဝန်ယူလိုက်ရတယ်။တစ်ချိန်တည်းမှာ အင်္ဂလန်နိုင်ငံမှာ ဝန်ကြီးချုပ်အသစ်နေရာအတွက် ရွေးကောက်ပွဲလုပ်နေချိန်ဖြစ်တဲ့အတွက် ထောက်လှမ်းရေးခေါင်းဆောင် အဆိပ်ခတ်ခံရတဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး ရုန့်ရင်းဆန်ခတ်ဖြစ်နေပါလေရော။ တစ်ဖက်မှာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီရာထူး ဒီအနေအထားကို ရောက်လာတဲ့အက်ဒမ်ကို မယုံကြည်ကြတဲ့သူတွေရှိတယ်။ ဒီအထဲမှာ အက်ဒမ့်ကို ရုရှားသတင်းပေးအထင်နဲ့ မသင်္ကာဖြစ်နေပြီး စောင့်ကြည့်နေတဲ့ စီအိုင်အေလည်း အပါအဝင်ပေါ့။ ဒီအချိန်မှာပဲ လွန်ခဲ့တဲ့ ၁၅နှစ်လောက်က အက်ဒမ်နဲ့ အလုပ်တွဲလုပ်ခဲ့တဲ့ သူ့ရဲ့အချစ်ဦး ရုရှားစပိုင်မ ကာရာယူဆိုဗာ ပြန်ပေါ်လာပြီး အက်ဒမ်ကို ပြန်လာတွေ့ပါတော့တယ်။အတိတ်ကဖြစ်ရပ်တွေနဲ့ လက်ရှိအလုပ်အကြားမှာ အက်ဒမ်ရဲ့သစ္စာခံမှုကို မေးခွန်းထုတ်စရာဖြစ်ရပ်တွေလည်း ဆက်လက်ပေါ်ပေါက်လာပြီး ဇာတ်လမ်းအသွားအလာ အလှည့်အပြောင်း လှလှပပလေးတွေကို ကြည့်ရှုရမှာပါ။
Related Movies✨

2019

1984

1981

2025

2019

1970

1991

2019

2020

2023

2005
