Release date : 2023-01-12
Production country :
United States of America
Production company :
Prime Video
Durasi : 60 Min.
Popularity : 35.3372
7.22
Total Vote : 578
၁၉၇၀ ခုနှစ်ပတ်ဝန်းကျင်ကိုဇာတ်အိမ်တည်ထားပြီး အကြမ်းဖျဥ်းအားဖြင့်ပြောရရင်တော့ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်ပြည်ထောင်စုမှာ ဇာတ်မြှုပ်နေတဲ့ နာဇီလက်ကျန်တွေကို၊ နာမည်ကျော်ဂျူးလူမျိုးတုန်းသတ်ဖြတ်မှုကြီးကနေရှင်ကျန်ခဲ့တဲ့သူတွေကပြန်ကလဲ့စားချေဖို့ စုစည်းကြတဲ့အကြောင်းပါပဲ။ကလဲ့စားချေတယ်ဆိုပေမယ့်ဂျူးတွေဖက်ကပဲမီးပြန်မွှေးတာမဟုတ်ပဲနဲ့နာဇီလက်ကျန်တွေနဲ့သူတို့အသိုင်းအဝိုင်းတွေကလည်း ဒီဂျူးလက်ကျန်တွေကိုဆက်လက်မုန်းတီးပြီးအမြစ်ဖြတ်ဖို့ကြံစည်နေကြဆဲပါ။ ဒီတော့ကလဲ့စားချေတယ်ဆိုတာထက်ဦးသူစားစတမ်းဆိုတဲ့ပုံစံနဲ့အပြန်အ လှန်ဗျင်းကြတဲ့သဘောပါပဲ။ဒီဇာတ်လမ်းမှာ Conspiracy လို့ခေါ်တဲ့စိတ်ကူးယဥ်သီအိုရီတွေလည်းပါပေမယ့်များသောအားဖြင့် ဖြစ်ရပ်မှန်တွေကိုအခြေခံထားတယ်လို့ဆိုပါတယ်။ ဆိုလိုတာကဒီဂျူးတွေဖွဲ့စည်းထားတဲ့ Hunters ဆိုတဲ့အဖွဲ့နဲ့ နာဇီလက်ကျန်တွေရဲ့မြေအောက်တိုက်ပွဲက လက်တွေ့မှာတကယ်ရှိခဲ့လားမရှိခဲ့လားဆိုတာမသေချာပါဘူး။ မည်သို့ပင်ဆိုစေကာမူ ဒုတိယကမ္ဘာစစ်ကြီး၊ ဟစ်တလာ၊ နာဇီတွေ လူမျိုးတုန်းသတ်ဖြတ်ခံခဲ့ရတဲ့ဂျူးခြောက်သန်းကတော့ အမှန်တကယ်ပဲရှိခဲ့ပါတယ်။
Related Movies✨

1982

2003

2005

2019

1995

2007

2001

2003

2003

2019

2020
