வதந்தி
ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က ဇာတ်လမ်းအရ လူသေအလောင်းတစ်လောင်း လိုအပ်နေပါတယ် မိတ်ကပ်ပြင်ထားတဲ့ အလောင်းကို ရိုက်ကွင်းမှာ တွေ့လေတော့ ရိုက်ကူးရေးစဖို့ ပြင်ဆင်ပြီးကာမှ ဒီအလောင်းနေရာမှာ သရုပ်ဆောင်ရမည့် မင်းသမီးက အိမ်လည်းပြန်မလာသလို မိတ်ကပ်ဆရာကလည်းမပြင်ရသေးပါဘူးတဲ့ ဒီတော့ သူတို့တွေ့ခဲ့တဲ့အလောင်းကိုသေချာကြည့်တော့မှ မိတ်ကပ်ခြယ်သထားတာမဟုတ်ဘဲ သေဆုံးတာ ၃ရက်လောက်ရှိနေတဲ့တကယ့်လူသေအလောင်းကြီးဖြစ်နေပါတယ် အလောင်းကပုပ်ပွပြီး လူရုပ်မပေါ်တာကြောင့် ဘယ်သူဘယ်ဝါမသိနိုင်တော့တဲ့အခြေအနေမှာ ဘယ်ကစလို့စုံစမ်းရေးတွေလုပ်ကြမလဲ တရားခံက လည်းကြိုတွေးကြည့်လို့မရတဲ့ တရားခံဖြစ်နေမလားဆိုတာတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်